Monday, October 17, 2011

သတိ


ကမ်းတွေက တဖြေးဖြေး
ဝေးလွင့် မျောပါသွားတဲ့အခါကျ
ငါတို့က ဇင်ယော်တွေလိုပဲ
မစဲတမ်း ရိုင်းနေတဲ့ လှိုင်းပေါ်
အတော်နေသားကျနေကြပါပြီ

သံဓါတ်နည်းတယ်ထင်တဲ့အခါ
သံတိုင်မှာရှိတဲ့ သံချေး တချို့
ခွါစားခဲ့ဖူးလို့...
အသားဓါတ်နည်းတယ်ထင်တဲ့အချိန်
မိလ္လာချောင်မှာ လာချောင်းတဲ့
ကြွက်ဖလောင်းလေးတွေပါ
အခန်းထဲမှာတင် အမဲရှာထွက်ဖူးတယ်…

အသွားဆယ်ပေ အပြန်ဆယ်ပေ
နှစ်ရှည်ခရီးကတော့
မညည်းမငြူ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ

အဲဒီလာနေတဲ့ အလင်းရောင်မြမြက
ထုံးစံအတိုင်း ငါ့ရဲ့ ကျောကို
ရိုက်နှက်ဟစ်ကြွေးမဲ့ လူတအုပ်ရဲ့ လမ်းပြမီးလား…

အမှန်တရား


နဲနဲပါးပါးနားလည်ပြီး
ဆေးလိပ်မီးပေးမဲ့ လူလား၊၊

မမှိတ်မသုန်ငေး
ခပ်လေးလေးလာတဲ့ အလင်းဆီ
ဒီနေ့ဟာ
ဘယ်နှစ်ရာမြောက် လကွယ်နေ့ဆိုတာလဲ
ငါ နံရံမှာ တချက်ပြန်ရေမိတယ်…။

Happy Birthday Ko Min Ko Naing (18-10-2011)

3 comments:

  1. ကိုသက်မှူး ကဗျာရေးကောင်းတယ်နော်.။

    အိအိ

    ReplyDelete
  2. ကဗျာဖတ်ရတာ ထောင်ကျသွားသလိုပဲ ။ ဆရာမှုး ဆက်စွဲပါ။ မင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာပါစေ။

    ReplyDelete
  3. I think I don't need to write a nice comment on your poem before Ko Thet Hmu cos I can feel it and I know the essence of the poem.I am sorry for my 1st comment(that's not my comment,just a happy teasing)and I do know that's is real life of you and all of the political prisoners.Although I was not suffering like you,I know the situation of the prison in Burma especially for political prisoners.

    ReplyDelete