Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, August 15, 2013

                 မင်းလူ

အဖြူအထက်အောက်နဲ့ကျနော်တို့ဆုံနေကြ
မှန်စီရွှေချဘုရားလေးရဲ့ရင်ပြင်မှာ
ဟောဒီဗမာပြည်ကြီးရဲ့
နီရဲနေတဲ့သမိုင်းတချပ်
ကိုမင်းလူဖြည့်ကဎ်ကဗျည်းထိုးခဲ့တယ်



August 15, 2013

Saturday, September 8, 2012

ဒဏ်ရာနဲ့အိပ်စက်သောည

တယောက်ထဲပါ၊အချစ်ရယ်
တကယ်ဆိုဟောဒီညတခုကို
အားပြုပြီးရုန်းထဖို့ပြင်တုန်း
ပြုံးကြည့်တဲ့လမင်းက
အသာယာဆွဲထူပေးတဲ့အခိုက်
မိုက်ကနဲမိုက်ကနဲ
ဟစ်တလာနဲ့လည်းလက်ဆွဲနှုတ်ဆက်လိုက်
မီးလောင်တိုက်ထဲကဖုရားသခင်ကို
မီးတွေဖြိုပြီးကယ်ဖို့ကြိုးစားလိုက်
နယူးရောက်ရဲ့မြေတိုက်တခုထဲမှာ
ငါဟာဒဏ်ရာကိုအသာလျှာနဲ့သပ်ရင်း
ဆာလောင်မွတ်သိပ်စွာအဲဒီညကိုယောင်ရမ်းသီဆိုနေမိတယ်...

ညရယ်၊လမင်းရယ်
ငါရယ်မင်းရယ်
ပုလင်းဖြူထဲက Caribbean"ရမ်"တွေရယ်
နှစ်ဦးလုံးမသိခြင်ယောင်ဆောင်
ဖုံးဖိထားတဲ့ရင်ခုန်သံတွေက
ခတ်ဖော့ဖော့ရယ်ကြ၊ကြည်နူးရတဲ့ည
ကြယ်စင်တွေကပြုံးကြည့်
မဖက်မိအောင်ကြိုးစားကြရင်း
ဟန်ဆောင်အိပ်စက်ခြင်းတွေက
အတူမရှိတော့မဲ့ညတွေအတွက်
နှစ်ယောက်လုံး ခရီးကြိုပြင်ဆင်ရင်း
မင်းရယ်ကိုယ်ရယ်အဲဒီညကို
လေးလေးနက်နက်ဖက်တွယ်ခဲ့ လိုက်ကြတာ
နှစ်ယောက်အတူည၊သိပ်လှတဲ့လမင်းနဲ့
ချစ်ခြင်းတွေဟာဒို့အခန်းလေးထဲမှာ
တောက်ပမြူးကြွနေလိုက်တာများ
ငါနဲ့မင်းရဲ့စိတ်ချလုံခြုံမှူဟာ
အာရုဏ်လာတဲ့အထိ၊အသိထဲကညကို
ခွဲခွါမဲ့နေ့ခင်းတခုထဲ
အောင်မြင်စွာဘဲဖွက်ထားနိုင်ခဲ့တယ်
Sep 8,2012
3:31 AM

Monday, October 17, 2011

သတိ


ကမ်းတွေက တဖြေးဖြေး
ဝေးလွင့် မျောပါသွားတဲ့အခါကျ
ငါတို့က ဇင်ယော်တွေလိုပဲ
မစဲတမ်း ရိုင်းနေတဲ့ လှိုင်းပေါ်
အတော်နေသားကျနေကြပါပြီ

သံဓါတ်နည်းတယ်ထင်တဲ့အခါ
သံတိုင်မှာရှိတဲ့ သံချေး တချို့
ခွါစားခဲ့ဖူးလို့...
အသားဓါတ်နည်းတယ်ထင်တဲ့အချိန်
မိလ္လာချောင်မှာ လာချောင်းတဲ့
ကြွက်ဖလောင်းလေးတွေပါ
အခန်းထဲမှာတင် အမဲရှာထွက်ဖူးတယ်…

အသွားဆယ်ပေ အပြန်ဆယ်ပေ
နှစ်ရှည်ခရီးကတော့
မညည်းမငြူ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ

အဲဒီလာနေတဲ့ အလင်းရောင်မြမြက
ထုံးစံအတိုင်း ငါ့ရဲ့ ကျောကို
ရိုက်နှက်ဟစ်ကြွေးမဲ့ လူတအုပ်ရဲ့ လမ်းပြမီးလား…

အမှန်တရား


နဲနဲပါးပါးနားလည်ပြီး
ဆေးလိပ်မီးပေးမဲ့ လူလား၊၊

မမှိတ်မသုန်ငေး
ခပ်လေးလေးလာတဲ့ အလင်းဆီ
ဒီနေ့ဟာ
ဘယ်နှစ်ရာမြောက် လကွယ်နေ့ဆိုတာလဲ
ငါ နံရံမှာ တချက်ပြန်ရေမိတယ်…။

Happy Birthday Ko Min Ko Naing (18-10-2011)

Saturday, April 18, 2009

Gypsi Rain cloud


Some of the days..I across the Sea
Some of my days are over the Mountain range
Some time I happy for travelling together with Rain cloud..
I proud of Gypsy rain cloud